Service
သင့်ဘဝကို ပိုမိုအောင်မြင်ဖို့ အထောက်အကူပေးမယ့်
Career Coaching Services
နဲ့ မိတ်ဆက်ပေးချင်ပါတယ်
သင့်မှာ ဒီလို ရည်မှန်းချက်တွေ ရှိပါသလား?
-
ကိုယ်ရည်မှန်းထားတဲ့အလုပ်ကို
လုပ်ကိုင်ခွင့် ရချင်တယ် -
ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့
ဝင်ငွေရအောင် လုပ်ချင်တယ် -
ကိုယ်တန်ဖိုးထားတဲ့သူတွေကို
ကောင်းကောင်းမွန်မွန် ထားချင်တယ် -
ကိုယ်ရည်မှန်းထားတဲ့အလုပ်ကို
လုပ်ကိုင်ခွင့် ရချင်တယ် -
ဂျပန်ကို ပညာသင် သို့မဟုတ်
အလုပ်အကိုင်နဲ့ သွားချင်တယ်
WisLabo ရဲ့ Career Coaching
ဝန်ဆောင်မှုဟာဆိုရင်
အဲဒီလို ရည်မှန်းချက်ရှိသူတွေအတွက် ဖြစ်ပါတယ်။
WHAT WE DO
မြန်မာပြည်မှာရော၊ ဂျပန်မှာပါ
သင်ရည်မှန်းထားတဲ့ ဘဝကိုဖန်တီးနိုင်ဖို့ အကူအညီ
ပေးပါမည်။
-
အခုဆိုရင် နိုင်ငံခြားမှာ ပညာသင်သွားပြီး ကိုယ်နှစ်သက်တဲ့ ပညာကိုလေ့လာနေသူတွေ၊ ကိုယ်ရည်မှန်းထားတဲ့ လုပ်ငန်းခွင်မှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်ကိုင်နေသူတွေလည်း အများကြီးရှိပါတယ်။
-
ဒါပေမဲ့ အလုပ်ကောင်းကောင်းရချင်လို့ နိုင်ငံခြားကိုပညာသင်သွားမယ်၊ ဝင်ငွေများများရချင်လို့ ဂျပန်မှာအလုပ်သွားလုပ်မယ်၊ မိဘတွေကသွားခိုင်းလို့ နိုင်ငံခြားကိုသွားမယ်၊ သူငယ်ချင်းအပေါင်းအသင်းတွေက အားပေးလို့လုပ်ကြည့်မယ်ဆိုရင် သင်တကယ်ဖြစ်ချင်တဲ့၊ ရည်မှန်းထားတဲ့ဘဝက ဖြစ်လာမှာမဟုတ်ပါဖူး။
သင်ကိုယ်တိုင် ဘဝကိုဘယ်လိုတည်ဆောက်ချင်လဲဆိုတာကို သိထားဖို့ကအရမ်းအရေးကြီးပါတယ်။ သင်လုပ်ချင်တဲ့အရာကိုလုပ်နိုင်မှသာ ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံးဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ -
နောက်တစ်ဆင့်အရေးကြီးတာက Career Vision၊ Career Plan ဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းချက်အတိုင်းဖြစ်လာဖို့အတွက် တစ်ဆင့်ချင်းဆီ Plan ချပြီးလုပ်ဆောင်ရပါမယ်။
-
WisLabo မှာဆိုရင် ဂျပန်မှာပညာသင်ပြီး၊ ကုမ္ပဏီကြီးတွေမှာအလုပ်အတွေ့အကြုံရှိတဲ့ မြန်မာလူမျိုးနဲ့၊ မြန်မာပြည်မှာနေထိုင်နေတဲ့ဂျပန်လူမျိုးကနေ သင်ရည်မှန်းထားတဲ့ Career ကိုတည်ဆောက်နိုင်ဖို့ အကူအညီပေးမှာဖြစ်ပါတယ်။
WisLabo နဲ့အတူတူ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ကြရအောင်ပါ။
-
COACHING
အဖြေက သင့်ဆီမှာပဲရှိတာပါ
Career နဲ့ပတ်သက်ပြီး စဥ်းစားတဲ့အခါမှာ မှန်တယ်၊ မှားတယ်ဆိုတဲ့ အဖြေမရှိတဲ့အတွက်၊ တစ်ယောက်တည်းစဥ်းစားတဲ့အခါမှာ တွေဝေကြစမြဲပါ။
WisLabo မှာဆိုရင် ဂျပန်မှာ Career Coaching ကိုလေ့လာသင်ယူထားတဲ့ Coach ကနေ သင်နဲ့အတူတူ သင့်ပန်းတိုင်ကိုရောက်ဖို့အတွက် တစ်ဦးချင်းဆီ (one on one) အကြံပေးသွားမှာဖြစ်ပါတယ်။COACHING
-
COUNSELING
ဂျပန်ပညာသင် သွားချင်သူတွေအတွက် ဝန်ဆောင်မှု ဖြစ်ပါတယ်။
ဂျပန်ကို ပညာသင်သွားဖို့အတွက် လိုအပ်တဲ့အရာများ၊ ဂျပန်ဘာသာစကားကျောင်း ရွေးချယ်ခြင်း၊ ဂျပန်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အရာများကို အကြံပေးသွားမှာ ဖြစ်ပါတယ်။
ပညာသင်သွားပြီးတဲ့နောက်မှာလည်း Career နဲ့ပတ်သက်တဲ့ ဆွေနွေးမှုတွေကို လုပ်ဆောင်ပေးနေပါတယ်။
WisLabo မှာဆိုရင် ဂျပန်တက္ကသိုလ်မှာ ဘွဲ့လွန်အထိတက်ရောက်ပြီး၊ နှစ်၂၀ ခန့် ဂျပန်မှာ နေထိုင်နေတဲ့ မြန်မာလူမျိုးကနေ အကူအညီပေးမှာ ဖြစ်ပါတယ်။ ဂျပန်ကိုရောက်ပြီးတဲ့နောက်မှာ ရင်ဆိုင်ရမဲ့ အခက်အခဲတွေကို လျော့ပါးအောင် အကောင်းဆုံး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။COUNSELING
PROMISE
-
Client တစ်ဦးချင်းဆီရဲ့လိုအပ်ချက်ကို ပံ့ပိုးပေးခြင်း
အလုပ်အကိုင်၊ ကျောင်းနဲ့ပတ်သက်တဲ့ Information တွေကို မျှဝေပေးပြီး၊ အကောင်းဆုံးဝန်ဆောင်မှုကိုပေးနိုင်အောင် ကြိုးစားသွားပါ့မယ်။ သင့်အနေနဲ့လည်း ယုံယုံကြည်ကြည် ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
-
Career Coach ကနေ
အကြံပေးဆွေးနွေးခြင်းသင်ရည်မှန်းထားတဲ့ အလုပ်အကိုင်၊ ဘဝကို တည်ထောင်နိုင်ဖို့အတွက် သင်နဲ့အတူတူ အသေးစိတ် Plan ဆွဲပြီး ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
-
မြန်မာ၊ ဂျပန်နဲ့ပတ်သက်တဲ့ Update Information
တွေကို မျှဝေပေးခြင်းအားလုံးအတွက် အထောက်အကူဖြစ်စေမယ့် အကြောင်းအရာများကို မျှဝေပေးနိုင်အောင် ကြိုးစားသွားပါမယ်။
SERVICE
ဂျပန်ကို ပညာသင် ဒါမှမဟုတ် အလုပ်အကိုင်နဲ့သွားရောက်နိုင်ဖို့အတွက် အကြံပေးခြင်း၊ အလုပ်အကိုင်ကောင်း ရရှိဖို့အတွက် Career ပြုစုပျိုးထောင်ပုံကို အကြံပေးခြင်း စတဲ့ဝန်ဆောင်မှုများကို ပေးနေပါတယ်။
ဘဝကို ပိုပြီးတိုးတက်ချင်တယ်ဆိုရင် WisLabo ကို ဆက်သွယ်လိုက်ပါ။
-
STEP
1Contact form
Contact Form မှာ လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်ပါ။
-
STEP
2ဆွေးနွးချင်တဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်းခြင်း
သင်ဆွေးနွေးချင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး WisLabo အနေနဲ့ အကြံပေးနိုင်၊ မပေးနိုင်ကို ဆုံးဖြတ်ပြီး အကြောင်းပြန်မှာ ဖြစ်ပါတယ်။
-
STEP
3Coaching စတင်ခြင်း
LINE, Zoom, Facebook ကို သုံးပြီး Coach နဲ့ one on one ဆွေးနွေးအကြံပေးသွားမှာ ဖြစ်ပါတယ်။
-
STEP
4Career Coaching
LINE, Zoom, Facebook messenger ကိုသုံးပြီး ဆွေးနွေးအကြံပေးသွားမှာ ဖြစ်ပါတယ်။
CONTACT
အောက်ဖော်ပြပါဖောင်ကနေ (သို့)Facebook Page ကနေစုံစမ်းမေးမြန်းနိုင်ပါတယ်။